ကိုးပွင့်ဖူးစာ ရေဒီယိုအသံလွှင့်ဇာတ်လမ်း




Myanmar Music show

Summary: ကိုးပွင့်ဖူးစာ ဘာအပွင့်လဲ! ဖဲပွင့်လား? ပန်းပွင့်လား? သိချင်ရင်နားထောင်ပါ..  ငယ်ငယ်က မြန်မာ့အသံရေဒီယိုဇာတ်လမ်း- အကယ်ဒမီကောလိပ်ဂျင်ကြီးရဲ့ အသံစွမ်း.. "ဒီကိစ္စနဲ့ပါတ်သက်လို့ကာ.." ဆိုတဲ့ အပြောလေးတွေပဲကောင်းတာမဟုတ်ဘဲ လွမ်းတတ် ချစ်တတ်တာလေးတွေနဲ့ ထိပ်လန့်ကြောက်ရွ့ံတာလေးတွေကိုပါ ပိုင်နိုင်စွာ  ပြောသွားခဲ့တာကိုကြားကြရပါမယ်.. ကိုကြေးမုံကြီးတို့ ဆရာမင်းသိက္ခရဲ့ ကိုနှင်းမောင်အသံဇာတ်လမ်းတွေ မပေါ်ခင် စစဦး ထွက်ပေါ်ခဲ့တဲ့ ကောလိပ်ဂျင်နေဝင်းရဲ့ စုံထောက်အသံတွေ နဲ့  မင်းသားကြီး ဗိုလ်ဗကိုရဲ့ အသံစွမ်းတွေလည်း ပါပါတယ်..  တခါ- ခုခေတ်စကားကြားဖူးသလိုပြောရမယ်ဆိုရင် "စွန်းလန်း" တဲ့ ကျွန်တော်တို့ရဲ့ မင်းသမီး အကယ်ဒမီခင်သန်းနုရဲ့ ရုပ်ရည်ကိုယ်ကာယအလှပါမက- ချစ်စရာအသံ သနားစရာအသံနဲ့ ထက်မြက်စူးရှတဲ့ အမိန့်သံလန်းလန်းလေးတွေကိုပါ တဆက်တည်း ကြားကြရမှာပေါ့...  မထင်မှတ်တဲ့ မမျှော်လင့်တဲ့ အချိန်နေရာမှာ "အချစ်" "စွဲလမ်းမှု " အရာတွေ  ပေါက်ဖွားလာတတ်ကို ထိပ်လန့်ဖွယ်လူသတ်မှု့ သွေးစက်တွေနဲ့ ရောယှက်ရေးသားသူ ဆရာကြီး ဒဂုန်ရွြှေမား ရဲ့ စာလုံးတွေကိုစီစဉ်သူမြန်မာ့အသံလူကြီးမင်းတွေရဲ့ ဇာတ်ညွှန်းတွေက တကယ်ပို့ပေးနိုင်သလား? နားထောင်ကြပါစို့...  နောက်ခံတေး တွေကို မင်းသားစွယ်စုံအနုပညာရှင် ကြီး ဦးဝင်းဦးနဲ့ ဂန္ဒဝင်တေးပညာအဆိုရှင်အန်တီအေး( မာမာအေး) တို့က သီဆိုခဲ့ပါတယ်.. စီစဉ်သူ ဦးသစ္စာ၊ စန္ဒယားဦးအောင်ခင်၊ ဦးဇော်ဝင်းတို့ရဲ့ ပညာတွေ (နောက်ခံအသံတွေကို တီးလုံးတွေနဲ့ ထည့်ထားရောမွှေထားတာတွေ)က ကျွန်တော် အနှစ်သက်ဆုံးတွေပေါ့.. ဆိုရှယ်လစ်ခေတ် မီဒီယာစီစစ်ရေးကန့်သတ်ချုပ်ချယ်မှု့ အရ ဒီဇာတ်လမ်းဖြစ်ပေါ်ခဲ့ချိန်ဟာ ကိုလိုနီခေတ် အင်္ဂလိပ်ခေတ်ပါ ဆိုပြီး အဲဒီခေတ်က ဝတ္ထု၊ ရုပ်ရှင်၊ ပြဇာတ်နဲ့ အသံလွှင့်ဇာတ်လမ်းတွေအစမှာ တကူးတကတင်ပြလေ့ရှိခဲ့တာဟာလည်း ဆိုရှယ်လစ်မီဒီယာစည်းကမ်းတွေရဲ့ စိတ်ဝင်စားစရာအကြောင်းတွေအဖြစ် သတိပြုမိပါတယ်..  ထုံးစံအတိုင်း- မူလစုဆောင်းဖြန့်ဝေသူ ကိုကျော်လွင်တင့်ဦး ကို အထူးကျေးဇူးတင်ပါတယ်.. ကျွန်တော်က နားထောင်လို့လွယ်အောင် ဗွီဒီယိုလုပ်ပါတယ် အသံတွေကို နည်းနည်းသန့်ရှင်းပေးပြီး  ဖရီကွန်စီအမြင့်လေးတွေလှအောင်နည်းနည်း "သ"ထားပေးပါတယ် နဂိုရ်အသံတွေကိုက ကောင်းပြီးသားမို့ လုပ်လို့ရတာပါ   မူလ စုဆောင်းသူက ကိုကျော်လွင်တင့်ဦး၊ သူက လက်ကားဆရာကြီးပေါ့။  ကျွန်တော်တို့က လက်လီ၊ နားထောင်သူ ပရိဿတ်တွေရှေ့ ချပြရတာပါ။ သူ့ကို ကျေးဇူးတင်ပါတယ်။  စီးပွားရေးအရ အခြားသူများ ပြန်လည် အသုံးမပြုခွင့်မရှိပါ။ စီးပွားရေးအရအမြတ်ထုတ်သူများ ရှိလာလျှင်လည်း မိမိနှင့် သက်ဆိုင်ခြင်း မရှိပါ။ အနုပညာကောင်းများတိမ်မြုပ်ပျောက်ကွယ် မသွားစေလိုသော စေတနာဖြင့် တတ်ကျွမ်းသမျှ မှတ်တမ်းတင်ထားသော ဇာတ်လမ်းပမာ အသံဗွီဒီယို ဖိုင်ဖြစ်ပါသည်။